25 C
Yangon

ဝေါ်လေ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၆၁ ဦးသေဆုံးပြီး လက်နက်နှင့်စစ်သုံးပစ္စည်းများ ရရှိ၊ နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်

Must read

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဝေါ်လေတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆၁ ဦး အထိ သေဆုံးပြီး လက်နက်နှင့်စစ်သုံးပစ္စည်းများ ရရှိကြောင်း၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာနေရာကို Cobra စစ်ကြောင်းက ယနေ့ နံနက်ပိုင်း နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၆၁) ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ စစ်သုံးပစ္စည်းများနှင့် လက်နက်ပစ္စည်းများစွာ ကျန်ရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article