By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၈ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
-ရန်ကုန်မြို့ က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက “ပိုရင်လှူ လိုရင်ယူ”ခေါင်းစဉ်နဲ့ နိုင်ငံရေး အကျဉ်း သားအကျဉ်းသူတွေက အချင်းချင်းပါဆယ်ဝေငှတာကို မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
– မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဲတပ်သားကနေ ရာထူးကြီးပိုင်းထိ ထိခိုက်သေဆုံးမှုရှိခဲ့ သလို ပြည်သူအချို့လည်း ထိခိုက်မှုရှိခဲ့ပါတယ်။
– သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့ ကျင်းပမယ့် BIM-STEC (၅) ကြိမ်မြောက် ထိပ်သီးညီလာခံကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြုဖို့ နယူးဒေလီက ၊ သီရိလင်္ကာ သံရုံး ရှေ့မှာ India for Myanmar အဖွဲ့က ဆန္ဒပြ ဖိအားပေး တောင်းဆိုခဲ့ကြပါတယ်။
-စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အင်းမကျေးရွာမှာ စစ်ကောင်စီတပ်တွေက မတ်လ ၂၆ ရက်နေ့က စတင် ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်တွေကို ဖျက်ဆီး မီးရှို့သွားတယ်လို့ ချောင်းဦး ဆရာတော်က မိန့်ကြားပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က အခွန်ဦးစီးဌာနရုံး နဲ့ မြန်မာ့အာမခံလုပ်ငန်းရုံးကို ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ PDF တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းတွေကို ရှင်းလင်းတာ၊ ဝန်ထမ်း တွေကို ပြည်သူ နဲ့အတူ ရပ် တည်ဖို့ အသိပေး ပြောဆိုခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။