24.9 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်းဒုမြို့နယ်အုပ်ချုပ်ရေးမှူးအတွက် စစ်တပ်က ပြည်သူထံမှ လုယူပြီး ခွဲတမ်းချထားပေးသေ ဆိုင်ကယ် ၂ စီး သူခိုး အခိုးခံရ

Must read

ရန်ကုန်၊ မတ် ၂၉

စစ်တပ်က ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ သိမ်းဆည်းလုယူထားသော ဆိုင်ကယ်များကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံ ခွဲတမ်း ပြန်လည်ချထားပေးလျက်ရှိရာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးအတွက် ချထားပေးသည့် ခွဲတမ်းဆိုင်ကယ် ၂ စီး အခိုးခံရကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

မတ်လ ၂၇ ရက်နေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အောင်မျိုးသူ အတွက် စစ်တပ်က သိမ်းဆည်းလုယူထားပြီးမှ ပြန်လည် ခွဲတမ်းချ ထုတ်ပေးထားသည့် 82W/228708 Feeling 125 ၊ 82W/22773 Feeling 125 အနက်ရောင်ဆိုင်ကယ် (၂) စီး သူခိုး အခိုးခံလိုက်ရကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းခြင်းမပြုရန်၊ အမျိုးသား ၂ ဦး စီးနင်းခြင်းမပြုရန် စသည့် စည်းကမ်းချက်များ စစ်တပ်က ထုတ်ပြန်ထားပြီး ယင်းစည်းကမ်းချက်များ မလိုက်နာပါက ဖမ်းဆီးရိုက်နှက်ထောင်ချသည့်အပြင် ဆိုင်ကယ်များကိုပါ စစ်တပ်က နေ့စဉ် လုယူ သိမ်းဆည်း လျက်ရှိကြောင်း သိရှိရသည်။

သိမ်းဆည်းရမိဆိုင်ကယ်များကို ဌာနဆိုင်များသို့ ပြန်လည် ချထားပေးသည့်အပြင် ပြင်ပစျေးကွက်များသို့ အလွန်သက်သာသော စျေးနှုန်းများဖြင့် ပြန်လည် ရောင်းချမှုများရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် တောင်ကြီးတွင် ပြည်သူများ၏ ဆိုင်ကယ်များကို လုယူ သိမ်းဆည်းနေသော အကြမ်းဖက်စစ်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article