25 C
Yangon

ရန်ကုန်၊ မန္တလေးတွင် သပိတ်ခေါင်းဆောင်နှင့် တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ပျောက်ဆုံးနေ၊ အသက်အန္တရာယ်စိုးရိမ်နေရ

Must read

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်နှင့်မန္တလေးတွင် သပိတ်ခေါင်းဆောင်နှင့် တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦးကို စစ်တပ်က အကြမ်း ဖက် ဖမ်းဆီးသွားပြီး သတင်းအစအန မရဘဲ ပျောက်ဆုံးနေကြောင်း၊ စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေများရှိနေကြောင်း မိသားစုဝင်များ၊ မိတ်ဆွေများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသော ကိုအောင်ကောင်းမြတ်နှင့်ကိုဟိန်းဇာနည်အောင်တို့ ၂ ဦးကို မတ်လ၂၇ရက်နေ့ ည၈နာရီ၄၅မိနစ်အချိန်တွင် စစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မတ်လ ၂၇ ရက်နေ့ အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များတပ်စွဲထားသော ပဲခူးစုရပ်ကွက် ဗညားဦးလမ်းရှိ သီဟဒီပါစစ်ကြောရေးအနီးတွင် ကိုအောင်ကောင်းမြတ်နှင့်ကိုဟိန်းဇာနည်အောင်တို့က တော်လှန်ရေး အစီအစဉ် ပြုလုပ်နေစဉ် ကင်းပုန်းဝပ်နေသော စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ၂ ဦးလုံး အသက်အန္တရယ်စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ကိုအောင်ကောင်းမြတ်နှင့်ကိုဟိန်းဇာနည်အောင်တိုကို့ဖမ်းဆီးရမိပြီးနောက် အေးမေတ္တာရပ် ကွက်ရှိ ကိုအောင်ကောင်းမြတ်၏နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ နေအိမ်ခြံစည်းရိုးတံခါးများရိုက်ချိုးခြင်း ၊ နေအိမ်ရှိဖုန်းများကိုသိမ်းဆည်းကာ ကိုအောင်ကောင်းမြတ်၏မိဘနှစ်ပါး၊ ဦးလေးနှင့် အစ်ကိုနှစ်ဦး ကိုလည်း စစ်တပ်က အတင်းအကျပ် ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံထားရသော ကိုအောင်ကောင်းမြတ်နှင့်ကိုဟိန်းဇာနည်အောင်တို့နှစ်ဦးသည် အသက်အန္တရယ်စိုးရိမ်ရသည်ဒဏ်ရာများရရှိထားသောလည်း ဆေးကုသခွင့်မရဘဲ ရိုက်နှက်စစ်ဆေးခံနေရသဖြင့် အသက်အန္တရာယ်အလွန်စိုးရိမ်နေရကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အချိန် မန္တလေးမြို့ရှိ မြေပြင်သပိတ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်နေသော ကို Felix ခေါ် ကို ကျော်စွာဝင်းကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုနိုင်လင်းထွန်းသည် မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ထန်းတပင်မြို့နယ် ထိမ်ကုန်းကျေးရွာ၌ရှိသော ၎င်း၏ချစ်သူထံသို့အလည်သွားစဥ် အရပ်ဝတ်ရဲနှင့်စစ်သားတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိအချိန်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ၊ မိသားစုက စိုးရိမ်ပူပန်နေပြီး အသက်အန္တရာယ်လည်း စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article