ရန်ကုန်၊ မတ်လ ၂၉
ရန်ကုန်မြို့တွင် ယနေ့ မတ်လ ၂၉ ရက်နေ့ “ဖက်ဆစ်ဝါဒတိုက်ဖျက်ကြ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ချီတက် သပိတ်မှောက်ကြသည်။
ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ Progressive Muslim Youth Association – PMYA၊ North Dagon Oppressed People’s Strike Coalition-NDOPSC နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ချီတက် သပိတ်မှောက်ကြခြင်းဖြစ်သည်။
Photo- ဗကသ