ရန်ကုန်၊ မတ် ၂၉
ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းမကြီးတစ်နေရာတွင် ယနေ့ မတ် ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် CDF Mindat တို့ တိုက်ပွဲများ လက်ရှိအချိန်အထိ ဖြစ်ပွားလျက်ရှိပြီး CDF Mindat ၏မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း CDF Mindat က သတင်းထုတ်ပြန်သည်။
အကြမ်းဖက် စစ်ကောင်စီဘက်မှ မင်းတပ်မြို့နယ်တွင်တစ်ဝိုက်တွင် သတင်းအမှောင်ချရန် ရည်ရွယ်ချက်ရှိရှိ ဖုန်းလိုင်းများလည်း ကြိုတင် ဖြတ်တောက်ထားကြောင်း CDF Mindat ထံမှ သိရှိရသည်။
ရန်ကုန်ခေတ်သစ်က CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားလျက်ရှိပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးပေ။
ဓာတ်ပုံ- ချင်းပြည်နယ်ဘက်သို့ တက်လာနေသည့် စစ်ကောင်စီ ယာဉ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်)
Photo – CDF မင်းတပ်။