26 C
Yangon

စစ်ကောင်စီက ချေမှုန်းရန် ကြိုးစားနေ၍ NUG က မြေပြင်စိုးမိုးမှု ပိုမိုရရှိရေးလုပ်ဆောင်ရန် ယာယီသမ္မတ ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၃၀

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ချေမှုန်းရန် ကြိုး စားနေ၍ NUG အနေဖြင့်မြေပြင် စိုးမိုးရေး ပိုမိုရရှိအောင်လုပ်ဆောင်ရန် အရေး ကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ အပါအဝင် ပြည် ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယာယီသမ္မတ ဒူဝါလရှီးလက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီး အာဏာမလွှဲမှုကြောင့်ဖြစ်လာပေါ်လာသည့် NCGUB အစိုးရသည် နိုင်ငံတကာအရေးတွင် အောင် မြင်မှုများ ရရှိခဲ့သော်လည်း မြေပြင်စိုးမိုးရေး မတည်ဆောက်နိုင်ခဲ့သည့် အတွက်ကြောင့် ရပ်တန့်သွားကြောင်း၊ လက်ရှိ NUG အစိုးရအဖွဲ့အနေ ဖြင့် သင်ခန်း စာယူပြီး မြေပြင်စိုးမိုးရေး ကို ရရှိရေးလုပ်ဆောင်ရန် အရေးကြီးကြောင်း၊ မြေပြင်တွင် စီမံခန့်ခွဲမှုလုပ်နိုင်ရေးက အမျိုးသားညီညွတ်ရေးအစိုးရအတွက် အလွန်အရေးကြီးကြောင်း ပြောဆိုထားသည်။

နိုင်ငံတော်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အစိုးရအဖွဲ့အနေဖြင့် ကဏ္ဍပေါင်းစုံတွင် မလစ်ဟင်းရန် ကြိုးစားဆောင်ရွက်နေရပြီး တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ တော်လှန်ရေး အဆုံးသတ်အတွက် စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ နိုင်ငံခြားရေး ကဏ္ဍ၊ ဘဏ္ဍာရှာဖွေရေးကဏ္ဍ စသဖြင့် ကဏ္ဍစုံတွင် ဆက်လက်အားစိုက် ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article