25 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင်များ KRF နှင့်ဆက်သွယ်ပြီး CDM ပြုလုပ်ရင် လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေများ ချီးမြှင့်ပြီး လွတ်မြောက်နယ်သို့ ပို့ဆောင်ပေးမည်ဟုဆို

Must read

ရန်ကုန်၊ မတ် ၃၀

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော စစ်အာဏာရှင် လက်ပါးစေအဖြစ် ဆက်လက်မလုပ်ကိုင်ဘဲ ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံမည်ဆိုပါက ပါရှိသည့် လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဟု KRF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ငယ် ၁ လက် ယူဆောင်လာလျှင် သိန်း (၃၀) ကျပ်၊ RPG (သို့) ၄၀ မမ (သို့) ၆၀ မမ လက်နက်ကြီး ၁ လက်လျှင် သိန်း (၅၀) ကျပ်၊ ကျည်ဘောက် (Magazine) ၁ ကတ်လျှင် ၅ သောင်းကျပ်၊ လက်နက်ငယ် ကျည်ဆံ ၁ တောင့်လျှင် ၅၀၀ ကျပ်၊ လက်နက်ကြီး ကျည်ဆံ ၁ ခု လျှင် ၅ သောင်းကျပ်၊ လက်ပစ်ဗုံးသီး ၁ လုံးလျှင် ၁ သောင်းကျပ် ချီးမြှင့်ခံရမည်ဖြစ်ကြောင်း KRF က ဆိုသည်။

“လက်ရှိ ကျနော်တို့ဆီမှာ CDM ပြလုပ်ထားတဲ့ စစ်သား ၈‌ ယောက်ရှိပါပြီ၊ သူတို့လာတာ လက်နက်တော့ မပါဘူး၊ နောက်ပိုင်း လက်နက်နဲ့ ပါလာရင် ထိုက်တန်တဲ့ ဆုကြေးငွေပေးအပ်မှာပါ’ ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယင်းအပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော စစ်သားများကို လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေသို့လည်းကောင်း၊ သွားလိုသော အရပ်ဒေသသို့လည်းကောင်း ချိတ်ဆက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article