ရန်ကုန်၊ ဧပြီ ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဂိတ်ကို ဧပြီလ ၁ရက်နေ့ ညပိုင်းက လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် PDF တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကို PDF POL နှင့် MMUGR တို့ က ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ပြီး ပြင်ဦးလွင်စစ်တက္ကသိုလ် စာပေ ၂ ရှိ ဂိတ်ပေါက်ကို လက်ပစ်ဗုံး ဖြင့် ည ၇ နာရီ ၂၀ မိနစ် အချိန်တွင် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ များလည်း ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အဖွဲ့က ပြုလုပ်သည်ကို မသိရှိသေးဘဲ ကြံ့ဖွတ် ပါတီ ရုံးဝင်းအတွင်းရှိ ရေကန်အနီးတွင် ဗုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။