25 C
Yangon

ရေစကြိုနယ် ရေလယ်ကျွန်းရွာတွေမှာ စစ်ရေးတင်းမာ၊ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားပြီး စစ်တပ်က နေအိမ်အချို့ကို မီးရှို

Must read

ရန်ကုန်| ဧပြီ ၂

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ရမ်းကားပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ထားသလို နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ကနဦး သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တစ်ဖွဲ့ကို အင်အား ၅၀ ဝန်းကျင်ပါဝင်ပြီး လှုပ်ရှားနေတာလို့ ရေစကြို သတင်းအချက်အလက် ကော်မတီက ဖော်ပြပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျွန်းရွာတွေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှု အားကောင်းတဲ့ ကျေးရွာတွေဖြစ်ပြီး ပြောက်ကျားတိုက်ခိုက်မှုတွေ၊ ရင်ဆိုင်တိုက်ခိုက်တာတွေလည်း မကြာခဏ ဆင်နွှဲလေ့ရှိပါတယ်။

“ရေလယ်ကျွန်းရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း (မူရင်း ခွေး)က ဒီနေ့ မနက် ၉နာရီခွဲ အချိန်က ဖောင်တော်ဦး ကျောင်းတော်ကို မီးရို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။” လို့ ဖော်ပြပါတယ်။

ဒါ့ပြင် မနက် ၁၀ နာရီခန့်က နွယ်နီရွာမအနီးမှာ ပစ်ခတ်သံတွေ ကြားရပြီး၊ ပေါက်တော၊ ရွှေတချောင်းဘက်မှာလည်း ပေါက်ကွဲသံများ ကြားရကြောင်း၊ မီးလောင်ကျွန်းရွာ တောင်ဘက်ပိုင်းတွင် မီးရှို့ဖျက်ဆီးမှုရှိကြောင်း ဖော်ပြပါတယ်။

နှောင်းဘရွာဘက်ကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀ ဝန်းကျင်ကလည်း မနက် ၁၁ နာရီခန့်မှာ ဆင်မရဲရွာကို ရောက်ပြီး သေနတ်တွေ ရမ်းကားပစ်ခတ်ခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီခွဲခန့်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ ရေလယ်ကျွန်းဒေသ ဆင်တဲအုပ်စု ခြံယာရွာကို ရောက်ပြီး နေအိမ်တစ်ချို့ကို မီးရှို့ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့ပြင် အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးကျည်ဆန်ထိမှန်ထားပြီး အပြစ်မဲ့ ရွာသူ ရွာသားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ရေစကြို သတင်းကော်မတီက ကနဦး ဖော်ပြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article