31 C
Yangon

မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်၊ မန္တလေးတွင် ၇၈ လမ်းမြ၀တီဘဏ်ကို သေနတ်ဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ ဧပြီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ပေါ် အခြေစိုက် ပျောက်ကြားတပ်ဖွဲ့တစ်ခုထံမှ သိရှိရသည်။

“ဒီနေ့ ညနေ ၄နာရီခွဲခန့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆေးတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ပါတယ်။ နှစ်ချက်ပစ်ခတ်တာပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်သားသေဆုံးထိခိုက်မှု အခြေအနေ မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးမြို့၊ ရန်ကုန်-မန္တလေးလမ်း၊ ၇၈ လမ်း၊ စစ်တပ်ပိုင် မြ၀တီဘဏ်ကို‌ စောင့်ကြပ်နေသည့် လုံခြုံရေး ကင်းတဲကို သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်သားသေဆုံးမှုရှိနိုင်ကြောင်း ၊ မဟာမိတ် MDY UG များပူးပေါင်းစစ်ဆင်ခြင်းဖြစ်‌ပြီး ပြည်သူများအနေဖြင့် အသံကြားလျှင် လမ်းကြောင်း ရှင်းပေးကြရန် Mandalay Ranger Force – PDFက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article