ရန်ကုန်၊ ဧပြီ ၄
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ စွယ်တော်မြတ်လမ်းရှိ၊ မရမ်းကုန်းမြို့မရဲစခန်းကို Yangon-e UG အဖွဲ့က ယနေ့ ဧပြီလ ၄ ရက် နံနက် ၈ နာရီတွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း သတင်းရရှိသည်။
“အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာပါ၊ ပေါက်ကွဲတာက စစ်ခွေးတွေ ရှိနေတဲ့ နံရံမှာပဲ ပေါက်သွားတာဆိုတော့ ထိခိုက်သေဆုံးမှု သေချာပေါက် ရှိနိုင်တယ်၊ ကျနော်တို့ ထပ်ရတဲ့သတင်းက ၂ ယောက် သေတယ်လို့ သိရတယ်။” ဟု Yangon-e UG အဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မရမ်းကုန်းမြို့မရဲစခန်းတွင် ယနေ့နံနက်က ပေါက်ကွဲမှု မရှိကြောင်း ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဖုန်းဖြင့် ဖြေကြားသည်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှု ရှိ၊ မရှိကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားစုံစမ်းလျှက်ရှိသည်။