ရန်ကုန်၊ ဧပြီ ၄
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့အဝင်ရှိ စစ်ကောင်စီဂိတ်စခန်းကို ယမန်နေ့ ဧပြီလ ၃ ရက် ည ၈ နာရီခန့်တွင် ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-ပလက်ဝက သတင်းထုတ်ပြန်သည်။
CDF-ပလက်ဝနှင့် ချင်းအမျိုးသားတပ်မတော် CNA တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကျယ်လောင်စွာကြားရကြောင်း ဆမီးမြို့ဒေသခံများထံမှ သိရှိရသည်။
ဓါတ်ပုံ – ဆမီးမြို့
photo – CJ