By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတေ
-မန္တလေးတိုင်း၊ မတ္တရာမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဧပြီလ ၃ ရက်နေ့ မနေ့က PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်လိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရဲစခန်းကို PDF ၁၀ ဖွဲ့ပေါင်းပြီး ၆၀ မမ လက်နက်စိန်ပြောင်း ၇ လက်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ Unity Force Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။