25 C
Yangon

ကံပေါက် အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲ

Must read

တနင်္သာရီတိုင်းမ်၊ ဧပြီ ၄

တက္ကသိုလ်ဝင်စာမေးပွဲ လေးရက်မြောက်နေ့မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ဟာ တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာဖြေဆိုတဲ့ရက်ဖြစ်ပြီး စာမေးပွဲဖြေဆိုဖို့ မိနစ်ပိုင်းအလိုမှာ ပေါက်ကွဲခဲ့တာပါ။

ကံပေါက်စျေးနဲ့ အထက်တန်းကျောင်း ကာရံထားတဲ့ အုတ်တံတိုင်းနံရံအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်လို့ အထိအခိုက်အပျက်အစီးမရှိဘူးလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)က စစ်ကောင်စီကလုပ်တဲ့ စာမေးပွဲနဲ့ Non CDMဆရာ/မ တွေကို သတိပေးတဲ့အနေနဲ့ မိုင်းခွဲခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ၁ရက်နေ့ကလည်း ရေဖြူအထက်တန်းကျောင်းမှာ စာမေးပွဲမဖြေမီ မိနစ်ပိုင်းအလိုမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

The Tanintharyi Times

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article