ရန်ကုန်၊ ဧပြီ ၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်တင်တင်ရီသည် စစ်တပ်ထံသတင်းပေးခြင်း၊ CDM များကို ဖိအားပေး အကျပ်ကိုင်ခြင်း၊ ငွေကောက်ခံခြင်းတို့ကြောင့် ၃ ကြိမ်တိုင် သတိပေးခဲ့သော်လည်း မလိုက်နာသဖြင့် ယနေ့ ရှင်း လင်းလိုက်ကြောင်း သက်သေများနှင့်တကွ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ -တပ်ဖွဲ့(၂) က သတင်း ထုတ်ပြန်သည်။
ယနေ့မနက် ၈ နာရီဝန်းကျင်ခန့်တွင် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ ကို ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ပညာရေးမှူးဒေါ်တင်တင်ရီသည် Non-CDM ဝန်ထမ်းဖြစ်ပြီး CDM ဝန်ထမ်းများကို စစ်ကောင်စီအလိုကျ ဖိနှိပ်အကျပ်ကိုင်ကာ Non CDM ပြုလုပ်စေခဲ့ကြောင်း၊ ဒေါ်တင်တင်ရီ၏ ဖိအားပေးမှုကြောင့် Non CDM ပြန်လုပ်သွားသော အထက်တန်း ကျောင်းအုပ် ၃ ဦး ၊ အလယ်တန်းကျောင်းအုပ် ၃ ဦး နှင့် အခြားပညာရေး ဝန်ထမ်း အများအပြားရှိကြောင်း၊ Non CDM ဝန် ထမ်း များထံမှ တစ်ဦးလျှင်ကျပ် ငါးသောင်းတောင်းခံကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်တပ်နှင့်ပေါင်း၍ စစ်တပ်ထဲသွားနေပြီး CDM ဝန်ထမ်းများ၏ သတင်း အချက်အလက်များကိုစုဆောင်း၍ စစ်ကောင်စီထံတိုင်ကြားကြောင်း၊ ထို့ကြောင့် ပထမအကြိမ် ဖုံးဆက်သတိပေးခြင်း ၊ဒုတိယအကြိမ် ဖုံးဆက်သတိပေးခြင်း၊ တတိယအကြိမ် အိမ်အထိမျက်နှာချင်းဆိုင်သွားရောက် သတိပေးခဲ့သော်လည်း စစ်တပ်ကိုခေါ်၍ လုံခြုံရေးယူပြီး မထီမဲ့မြင်ပြုနေခဲ့ကြောင်း ထိုအဖွဲ့က ပြောသည်။
ထိုအကြောင်းများကြောင့် မြို့ပြပြောက်ကျားတပ်ဖွဲ့က အချိန် ၂ လ လေ့လာပြီးနောက် မဖြစ်မနေ ရှင်းလင်းခဲ့ရကြောင်း၊ ၎င်း၏ ဖုန်းကို သိမ်းဆည်းခဲ့ပြီး ဖုန်းအတွင်းမှ စစ်တပ်ထံသို့ သတင်းပေးထားမှုများ နှင့် သတင်းအချက်အလက်များစွာ ရရှိထားကြောင်း၊ ဒေါ်တင်တင်ရီ၏ဖုန်းကို မြို့ပြပြောက်ကျား (ဗဟို)တွင်စစ်ဆေးသိမ်းဆည်းထားကြောင်း၊ ဖုန်းထဲတွင်ပါသောအချက်အလက်များအရ ဒုပညာရေးမှူး ဦးတင်အောင်၊ ဦးစိုး ၊ ဒေါ်ဆွေဆွေဝင်း တို့အနေဖြင့်လည်း ပြည်သူနှင့် ၂ ရက်အတွင်း ပူးပေါင်းပါဝင်ရန် သတိပေးကြောင်း ပခုက္ကူမြို့ပြပြောက် ကျားတပ်ဖွဲ့ -(တပ်ဖွဲ့-၂)က ထုတ်ပြန်ထားသည်။