30 C
Yangon

‘တော်လှန်ရေးသည် ပွဲတော်မဟုတ်’ စာတန်းချိတ်ဆွဲကာ ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ ဧပြီ ၆

‘တော်လှန်ရေးသည် ပွဲတော်မဟုတ်’ ‘Revolution is not a Festival’ စာတန်းချိတ်ဆွဲကာ ရန်ကုန်ရှိ တော်လှန်လူငယ်များသည် ဧပြီလ ၆ ရက် နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြကြသည်။

မြန်မာ့ရိုးရာသင်္ကြန်နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်သော်လည်း မတရားအာဏာသိမ်းစစ်တပ်မှ ဖန်တီးပြုလုပ်ဖို့ကြံရွှယ်လျှက်ရှိသော လူထုကိုအခြေမပြုသော သင်္ကြန်ပွဲတော်အား ကျင်းပခြင်း၊ ပါဝင်ဆင်နွှဲခြင်းမပြုရန် ရန်ကုန်လူထုသပိတ် – Yangon People’s Strike က တိုက်တွန်းထားသည်။

ထပ်မံ၍ တော်လှန်ရေးအရှိန်အဟုန်ပျက်စေရန် သွယ်ဝိုက်သောဘက်မှဖြစ်စေ ပံပိုးဖျက်ဆီးလျှက်ရှိသော၊ လူငယ်များတော်လှန်ရေးအာရုံ ထွေပြားစေရန် တမင်ကြံရွယ်လုပ်‌ဆောင်လျှက်ရှိသော စစ်တပ်အသိုင်းအဝိုင်းနှင့် ထိစပ်စီးပွားရေးအရ အခွန်ငွေများပေးဆောင်လျှက်ရှိသော Bar များ၊ club များနှင့် မြို့နေရေပေါ်ဆီလူတန်းစားတစ်စုမှ ကျင်းပပြုလုပ်လျှက်ရှိသော Music Festival များအား သွားလာခြင်းမပြုကြရန် တော်လှန်ရေးသတိကပ်ထားရန် ရန်ကုန်လူထုသပိတ်မှ ပြည်သူတစ်ရပ်လုံးအား ပြင်းထန်စွာ တိုက်တွန်းနှိုး‌ဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article