ရန်ကုန်၊ ဧပြီ ၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် Pale Jokers PDF အပတ်စဉ် ၁ သင်တန်းဆင်းကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲကို အခက်အခဲများစွာမှ ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းဆင်းရဲဘော်များအနေဖြင့် အာဏာရှင်စနစ် အမြစ်ဖြတ်တွန်းလှန်ရေး အဖွဲ့အစည်းအားလုံးနှင့်အတူ ပူးတွဲ တိုက်ပွဲဝင်ကြရန် Pale Jokers PDFမှ ဗိုလ်မဲလုံးက ပြောဆိုတိုက်တွန်းသည်။
“တောတွင်းတနေရာမှာလုပ်ရတဲ့သင်တန်းဆင်းပွဲဆိုတော့အစစအရာရာခက်ခဲပါတယ်။ PDF အလံဆိုတာချုပ်ရဖို့အရေးပိတ်စမရှိဘာမရှိနဲ့သီလရှင်တဘတ်ကိုစွန့်ပါဆိုပြီးအလှူခံပြီးမှစက်သမားအကူညီတောင်းပြီးအလံဆိုတာဖြစ်လာရတာ။ ရဲဘော်တွေကိုအခြားအဖွဲ့စည်းသင်တန်းဆင်းပွဲတွေလိုမျိုးခေါင်းဆောင်ပိုင်းတွေဖိတ်ပြီးသင်တန်းဆင်းဖို့ရာလည်း ကျွန်တော်တို့မှာအလှူငွေလုံလောက်မူမရှိတဲ့အတွက်ရဲဘော်တွေကိုသမားရိုးကျသင်တန်းဆင်းပွဲအကျဥ်းချုံးလေးပဲလုပ်ပေးနိုင်ပါတယ်။ ကျွန်တော်သင်တန်းပေးရခြင်းရည်ရွယ်ချက်က ကျွန်တော့် ဆီလာတဲ့ရဲဘော်တိုင်းကို ကျွန်တော့်ရင်သွေးလို့သတ်မှတ်ထားပြီး ကျွန်တော့် ရဲဘော်လို့ သတ်မှတ်မထားဘူး။ နှစ်သက်တဲ့အဖွဲ့စည်းပါဝင်ခွင့်ရှိပါတယ်။ ရဲဘော်တွေကိုစည်းစနစ်တကျနဲ့စည်းဘောင်တွင်းကနေစစ် ပညာသင်ပေးချင်ရုံစိတ်တခုနဲ့ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကတော့အာဏာရှင်စနစ်ဖြိုချချင်စိတ်ရှိတဲ့ရဲဘော်တိုင်းနဲ့လက်တွဲပြီးအာဏာရှင် စနစ်ကိုတိုက်ထုတ်ပါမယ်။ ရဲဘော်တို့လည်း ဒါကမည်သူ့အဖွဲ့၊ ဒါကမည်သည့်ခေါင်းဆောင်မို့လို့ဆိုတဲ့ စိတ်မျိုးမထားဘဲအမှန်တရားမြတ်နိုးသူတိုင်းမှန်ကန်ဖြောင့်မတ်တည် ကြည်စွာဖြင့်အာဏာရှင်စနစ်ဖြိုချချင်စိတ်ရှိသောရဲဘော်တိုင်းနဲ့လက်တွဲပြီးတိူက်ထုတ်သွားပါလို့အမှာစကားပါးချင်ပါတယ်ရဲဘော်တို့” ဟု Pale Jokers PDF မှ ဗိုလ်မဲလုံးက အပတ်စဥ် ၁ သင်တန်း ဆင်းပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။



