26 C
Yangon

မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ကို တရားရုံးက သက်သေ တစ်စုံတစ်ရာမပြနိုင်ဘဲ အကြမ်းဖက်ဥပဒေဖြင့် ထောင် ၅ နှစ်ချ

Must read

ရန်ကုန်၊ ဧပြီ ၆

မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်ကို စစ်ကောင်စီတရားရုံးက သက်သေ တစ်စုံတစ်ရာမပြနိုင်ဘဲ အကြမ်းဖက်ဥပဒေဖြင့် ဧပြီလ ၄ ရက်နေ့တွင် ထောင် ၅ နှစ်ချမှတ်လိုက်ကြောင်း ဒေါက်တာသန်းထိုက်၏ မိတ်ဆွေများထံမှ သိရှိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နေ ဒေါက်တာသန်းထိုက်ကို နေအိမ်တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခဲ့ကြောင်း၊ သို့ရာတွင် တရားရုံးတွင် ပုဒ်မ ၅၀ (ည) ဖြင့် ငြိစွန်းကြောင်း သက်သေ တစ်စုံတစ်ရာ မပြနိုင်ဘဲ ဖြစ်နေသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

“တရားရုံးမှာ ပုဒ်မ ၅၀ (ည) နဲ့တရားစွဲထားတာ သက်သေလုံး၀ မတွေ့ဘူး။ အပြစ်ရှိကြောင်းလည်း မပေါ်ပေါက်ဘူး။ အဲဒါကို ပုဒ်မ ၅၂ (က) ချက်ချင်းပြောင်းပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာ။ တကယ်တော့ စွဲထားတဲ့ ပုဒ်မနဲ့ အပြစ်ရှိကြောင်း မပေါ်ပေါက်ရင် လွှတ်ရမှာကို မလွှတ်ဘဲ ရသလို ထောင်ဒဏ်ချလိုက်တာပါ” ဟု ဒေါက်တာသန်းထိုက်၏ မိတ်ဆွေက ပြောဆိုသည်။

ဒေါက်တာသန်းထိုက်သည် မွန်ပြည်နယ် တိရိစ္ဆာန်ဆရာဝန်များအသင်း၏ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်သည်။

ဓာတ်ပုံ- ဒေါက်တာသန်းထိုက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article