25.3 C
Yangon

တောင်ဥက္ကလာပတွင် ငွေကျပ်သိန်းထောင်ချီပါသွားသည်ဆိုသော ကမ္ဘောဇဘဏ် ဓားပြတိုက်မှု စစ်ကားများဖြင့် ကင်းလှည့်ချိန် လုံခြုံရေး တင်းကျပ်ထားချိန်တွင် ဖြစ်ပွားဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းရှိ ကမ္ဘောဇဘဏ်တွင် ယနေ့ မွန်းလွဲပိုင်း ငွေကျပ်သိန်းထောင်ချီပါသွားသော ဓားပြတိုက်မှုသည် စစ်ကားများဖြင့် လုံခြုံရေး ကင်းလှည့်ချိန်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တောင်ဥက္ကလာပမြိုနယ်၊ သံသုမာလမ်းရှိ ကမ္ဘောဇဘဏ်ခွဲတွင် လူ ၆ ဦးကျော်က သေနတ်ပြ၍ ငွေကျပ်သိန်း ၂၀၀၀ ကျော် ဓားပြတိုက်မှုဖြစ်ပွားကြောင်း၊ အဆိုပါ ဘဏ်ဓားပြတိုက်မှုသည် သံသုမာလမ်းတစ်လျှောက် စစ်ကားများဖြင့် ကင်းလှည့်နေချိန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြည်သူများက ဆိုကြသည်။

“ဘဏ်ကို ဓားပြတိုက်တဲ့အချိန်က သံသုမာလမ်းမှာ DC ကားတွေ ကင်းလှည့်နေတာပဲလေ။ ကျောင်းတွေမှာလည်း စစ်သားနဲ့ရဲတွေချထားတာပဲ။ လမ်းဆုံလမ်းခွတွေမှာလည်း ဒီလောက်လုံခြုံရေးတွေများတဲ့ကြားထဲက ဘဏ်ဓားပြတိုက်တယ်။ သိန်းထောင်ချီပါသွားတယ်ဆိုတော့ ဓားပြကလည်း ရဲမှရဲပဲ ပြောရတော့မယ်” ဟု တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း၊ ကမ္ဘောဇဘဏ်အနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကမ္ဘောဇဘဏ်ကို စစ်ကောင်စီတပ်နှင့်ရဲများက ပိတ်ဆို့စစ်ဆေးပြီး မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊‌ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ မြို့နယ်များရှိ နေရာအများအပြားတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article