30 C
Yangon

လွိုင်ကော် ပဒါးညေးရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် မနုနှင့် မမိအေးတို့ ပွဲချင်းပြီးသေဆုံးပြီး ၄ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၆

ကယားပြည်နယ် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၃နာရီခန့်တွင် ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး မနုနှင့် မမိအေးတို့ ပွဲချင်းပြီးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ပဒါးညေး ကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း ကျရောက်ခဲ့ကာ အသက် ၄၆နှစ်အရွယ် မနုသည် ခြေနှစ်ချောင်းပြတ်ကာ သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီး အသက် ၃၆နှစ်အရွယ် မမိအေးသည် ကိုယ်ခန္တာအနှံ ယမ်းစထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၅၂နှစ်အရွယ် ဦးဝင်းနိုင် ဘယ်ပေါင်ရင်း ပွင့်ထွက်ခဲ့ကာ အသက်၂၉နှစ်အရွယ် မနောင်ဦးဖြူသည် နောက်ကျော ယမ်းစထိမှန် ဒဏ်ရာ၊ အသက်၃၉နှစ်အရွယ် မဦးသည် ရင်ဘတ် ယမ်းစထိမှန် ဒဏ်ရာနှင့် အသက် ၇၀နှစ်အရွယ် ဒေါ်ပွန်သည် ဘယ်မျက်လုံး အောက်ယမ်းစထိမှန် ဒဏ်ရာများ ရရှိကာ လွိုင်ကော်ဆေးရုံကြီး၌ တက်ရောက် ကုသနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article