29 C
Yangon

တီးတိန်တွင် စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ကြည်မင်းထွန်း(ပေါကြည်မ) ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းကောက်မည့်သူမရှိ

Must read

ရန်ကုန်၊ ဧပြီ ၇

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ကြည်မင်းထွန်း( ပေါကြည်မ) ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၆ ရက်နေ့ ည ၆ နာရီကျော်အချိန် တီးတိန်မြို့လယ်စျေးတွင် ပစ်သတ်ခံရဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ကြည်မင်းထွန်း(ပေါကြည်မ)သည် ဆောမြို့နယ်၊ ဟားခါးမြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက် တီးတိန်မြို့နယ်သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရှိရသည်။

“ပေါကြည်မက ခေါင်းကို သေနတ်နဲ့ အပစ်ခံရတော့ ခေါင်းပွင့်ထွက်သွားတယ်။ ဦးနှောက်တွေပါ ထွက်ကုန်တာ။ ရဲကလည်း အလောင်းလာမကောက်ဘူး။ ညနေ ၆ နာရီကျော်ရင် တပ်မပါဘဲ ရဲတွေကို အပြင်မထွက်ရဘူးဆိုတဲ့ ညွှန် ကြားချက်ရှိတယ်။ အဲဒီညွှန်ကြားချက်ကြောင့် ရဲက မသွားဘူး။ အလောင်းကတော့ မနေ့ည တစ်ညလုံး ကောက်မယ့်သူမရှိဘူး” ဟု တီးတိန်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။

ဓာတ်ပုံ- တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ကြည်မင်းထွန်း(ခ) ပေါကြည်မ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article