25 C
Yangon

ရွှေကူမြို့နယ်၊ မြို့လှရွာအနီး စစ်ကောင်စီ၏ ရိက္ခာတင် စက်လှေ ၂ စီးကို မြို့လှ PDF ပစ်ခတ်၊ စက်လှေ ၂ စီးစလုံး နစ်မြုပ်၊ ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာကို စစ်ကောင်စီက Mi35p ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အုပ်ချီရွာဘက်မှ မြို့လှရွာဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်စက်လှေ ၂ စီးကို ယနေ့ ဧပြီလ နံနက် ၁၁ နာရီခန့်တွင် မြို့လှ PDF က ပစ်ခတ်တိုက်ခိုက်ရာ စက်လှေ ၂ စီး စလုံး နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်မှ ကောက်ကွေ့ချောင်း တနေရာမှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ H-22 mm လက်လုပ်ရှေ့ထွက်မိုင်း ၅ လုံး၊ ရေမြုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ပြီး စကစ ရိက္ခာတင်စက်လှေ ၂ စီး နေရာမှာတွင် လုံးဝနစ်မြုပ်သွားခဲ့ပြီး စက်လှေပေါ်ပါ စစ်သားများ ထိခိုက်သေဆုံးနိုင်ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ စက်လှေများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများတင်ဆောင်လာကြောင်း သိရှိရသည်။

ယင်းနောက် အုပ်ချီရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း မြို့လှ PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၃ ရက်နေ့တွင်လည်း ကျောက်ကြီးရွာဘက်မှ ထွက်ခွာလာသော စစ်ကောင်စီ၏ စက်လှေ ၄ စီးကို မြို့လှ PDF က တိုက်ခိုက်ခဲ့၍ စက်လှေ ၁ စီး နစ်မြုပ်ခဲ့သေးသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျွန်းရင်းကျေးရွာကို ယနေ့ ဧပြီ ၇ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီက Mi35p တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး သေကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“၁၁ နာရီကျော် ၁၂ နာရီလောက်မှာ ကျွန်းရင်း ရွာပေါ်မှာ ဝဲပီးပစ်တာပါ။ ထိခိုက်မှု ၃ ဦးထက်မနည်း ရှိနိုင်တယ်။ ရွာကအိမ်ခြေ ၅၀၀ ကျော်တယ်။ ပြည်သူက၂၀၀၀ကျော်။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန် အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများ အပါအဝင် အင်အား ၅၀ ဝန်းကျင် ကျွန်းရင်း ရွာတွင်း ဝင်ရောက် စီးနင်းနေပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ်မှာ ရွာပေါ်တွင် အခုထိ ဝဲနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓါတ်ပုံ – မြို့လှ PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article