25 C
Yangon

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်ဖြင့် ပစ်ခတ်ခံရဟု စစ်ကောင်စီအတည်ပြု၊ သေဆုံးသွားပြီဟု ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြ

Must read

ရန်ကုန်၊ ဧပြီ ၇

အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ အပစ်ခံရတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဇော်မင်းထွန်းက မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ နေအိမ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ပြည်တွင်းသတင်းဌာနတချို့က ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရစဉ်မှာပဲ ပွဲချင်းပြီး သေဆုံးသွားပြီလို့ ရေးသားကြပါတယ်။

စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းကတော့ ဒေါ်သန်းသန်းဆွေ စစ်တပ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ပြောဆိုပြီး ပစ်ခတ်သူတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။

ရန်ကုန်ခေတ်သစ်အနေနဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ‌ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ- ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(ဝဲမှယာ ၅ ဦးမြောက်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article