25 C
Yangon

ဝက်လက် ရွာနန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ရွာလုံးကျွတ်နီးပါး ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်း လက်နက်ကြီးများ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ်နီးပါး မီးလောင် ကျွမ်းနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာနန်းရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်မည့်သူ မရှိသောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရွာထဲကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တော့ တစ်ရွာလုံး ထွက်ပြေးရတယ်။ တိုက်ပွဲလည်း မဖြစ်ဘူး။ ဘာကြောင့်လုပ်မှန်းမသိဘူး။ ရွာကိုဝင်စီးပြီးတာနဲ့ မီးရှို့တော့တာပဲ ကျွန်တော်တို့လည်း ပြေးနေရင်း မီးခိုးလုံးကြီး ထွက်လာတာတွေ့ရတယ်။ မီးက တော်တော်များတယ်။ ငြိမ်းမယ့်သူမှ မရှိတာ ရွာလုံးကျွတ်ကို ကူးစက်ပြီးလောင်နေတာ အိမ်ခြေဘယ်လောက်ဆိုတာ မသိသေးဘူး။ ရွာထဲလည်း မဝင်ရဲသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article