25 C
Yangon

ဖားကန့်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဧပြီ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြကြသည်။
ဧပြီလ ၈ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၇လ ကျော် ရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံး တီး သပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article