26 C
Yangon

လေတပ်မှ ဒုတပ်ကြပ် စိုးဟိန်းဖြိုးနှင့်ဇနီးကို ကင်းလှည့်စစ်သားများက သေနတ်ဖြင့်ပစ်ခတ်၊ ကြည်းတပ်တပ်နယ်မှူးက လေတပ်ဌာနချုပ်မှူးကို တောင်းပန်ပြီး PDF က ပစ်ခတ်ဟု ညှိနှိုင်းလိမ်လည်ခိုင်း

Must read

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် လေတပ်မှ ဒုတပ်ကြပ် စိုးဟိန်းဖြိုးနှင့်ဇနီးကို ကင်းလှည့်စစ်သားများက သေနတ်ဖြင့်ပစ်ခတ်ရာ ဒုတပ်ကြပ်စိုးဟိန်းဖြိုး၏ ပေါင်တွင်လည်းကောင်း၊ ဇနီးဖြစ်သူဒေါ်ကြည်ကြည်ခိုင်၏ ဦးခေါင်းတွင်လည်းကောင်း ကျည်ထိမှန်ဒဏ်ရာရရှိသွားကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် အုပ်ချုပ်မှုဌာနမှ ဒုတိယတပ်ကြပ် စိုးဟိန်းဖြိုးသည် မိသားစုနှင့်အတူ သဲကုန်းကျေးရွာ၊ အိမ်အမှတ် ၁၀၀ တွင် Happy New Year လုပ်ရန် ပြင်ဆင်နေစဉ် ကင်းလှည့်စစ်သားများက မူးရူးအော်ဟစ်ဆဲဆိုပြီး ကျေးရွာကို သေနတ်များဖြင့်ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ဒုတိယတပ်ကြပ် စိုးဟိန်းဖြိုးသည် ပေါင်တွင် ကျည်မှန်ခဲ့ပြီး ဇနီး ဒေါ်ကြည်ကြည်ခိုင်၏ ဦးခေါင်းကိုလည်း ကျည်ရှပ်မှန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကို ကြည်းတပ်မှ တပ်နယ်မှူးက လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်ကို လာရောက်တောင်းပန်ပြီး ၎င်းတို့အဖွဲ့မှ ပစ်ခတ်ခြင်းမဟုတ်ဘဲ PDF များက ပစ်ခတ်သည်ဟု ဒုတိယတပ်ကြပ် စိုးဟိန်းဖြိုးကို လိမ်လည် ထွက်ဆိုရန် ညှိနှိုင်းသွားကြောင်း သိရှိရသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်သော တပ်တွင်းစုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းပြီး မတ်လတွင် ပစ်ခတ်ခံရသူ ဒုတိယတပ်ကြပ် စိုးဟိန်းဖြိုးကို စစ်မှုထမ်းနေချိန် ဖြစ်ပွားခြင်းဟု သတ်မှတ်ပြီး ပစ်ခတ်ခဲ့သူများကို ယနေ့အထိ တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လေတပ်စစ်သားများ စစ်ရေးပြ မြင်ကွင်း။

Photo- ဆင်ဟွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article