25 C
Yangon

ထားဝယ်တွင် စစ်တပ်က ပြည်သူ ၈ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ CDM ရဲတပ်သား ၁ဦးလည်း ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဧပြီ ၈

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဒေသခံပြည်သူ ပြည်သူ ၈ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး CDM ရဲတပ်သား ၁ဦးလည်း ဖမ်းဆီးခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ထားဝယ်မြို့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက ကိုအောင်လွင်၊ ကိုကံကောင်းအောင်နှင့် အမည်မသိ အမျိုးသား ၁ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထားဝယ်မြို့ ဗျောတောဝ စစ်ဆေးရေး ဂိတ်စခန်းတွင်လည်း ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကိုအောင်စိုးဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ထားဝယ်မြို့ မေတ္တာမြို့နယ် ကျောက်မဲတောင်ရွာ လမ်းဆုံရှိ ဆီဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်း၊ ဒေါ်အေးအေးမာတို့ လင်မယားနှင့် တူဖြစ် သူတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ် ဆိုင်ရှေ့မှ ဖြတ်သွားသည့် CDM ရဲတပ်သား ကိုသိန်းသိန်းဇော် ကိုပါ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသော ပြည်သူများကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ အဆက်အသွယ် ပြတ်တောက်နေကာ မိသားစုဝင်များ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article