25 C
Yangon

ဘုတလင်မြို့နယ် ကူ‌တော်ရွာတွင် အကြမ်းဖက် စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ကူတော်ရွာတွင် ယနေ့ ဧပြီ ၈ ရက် ည ၉ နာရီ မိနစ် ၂၀ မှ စကာ လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“အခုအထိ အပစ်အခတ်တွေ ရှိနေပါတယ်။ တိုက်ပွဲပြင်းထန်နေလို့ပါ။ ဘယ်လိုဖြစ်လဲတော့ မသိရသေးပါဘူး။ ညဆိုတော့ မထွက်ကြည့်ရလို့ပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ကူတော်ရွာတွင် တိုက်ပွဲများဖြစ်ပွားသည်မှာ အခုအကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်တိတိရှိပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအနေနှင့် ကျေးရွာများအတွင်းလို့ မကြာခဏ ဝင်မွှေကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article