30 C
Yangon

ဖရူဆိုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာပို့ရန်သွားသည့် အသက် ၂၅ နှစ်အရွယ် မောင်ပါစကွားလယ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၉

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေခူကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာပို့ရန်သွားသည့် အသက် ၂၅ နှစ်အရွယ် မောင်ပါစကွားလယ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်အလောင်းဖျောက်ဖျက်ခဲ့ရာ ယနေ့တွင် အလောင်းပြန်လည်တွေ့ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေခူကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)နှင့် မဟာမိတ်တပ်ပေါင်းစုတို့က ယနေ့ဧပြီလ(၉)နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်နေစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ နှိမ့်စက်ပစ်ခတ်သတ်ဖြတ်ထားသော အသက်(၂၅)နှစ် ဝန်းကျင်ရှိ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းကို တွေ့ရှိရ၍ ရုပ်အလောင်းကို သယ်ယူပြီးသတင် အချက်အလက်စုဆောင်းရေးအဖွဲ့မှ လိုက်လံစုံစမ်းရာ သေဆုံးသူမှာ စစ်ရှောင်သို့ ရိက္ခာပို့ရန်သွားနေသော မိုးဗြဲနေ အသက်(၂၅)နှစ် မောင်ပါစကွားလယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားခဲ့သောမောင်ပါစကွားလယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ပြီး ပျောက်ကြားဝတ်စုံဖြင့်ဝတ်ပေးကာ ရုပ်အလောင်းကို ပစ်ထားခဲ့ကြောင်း သိရှိရသည်။

“ဧပြီလ(၅)ရက်နေ့ မနက်(၈း၀၀)နာရီအချိန်တွင် ဖရူဆိုမြို့နယ်၊ ဒေါညေခူ အရောက်မှာ ကျွန်တော်တို့ကို စစ်တပ်တွေက ၀ိုင်းပြီးပစ်တာပါ အပစ်ခံရတော့ ကျွန်တော်ဆိုင်ကယ်ကိုအမြန်မောင်းပြေးတဲ့ချိန်မှာဘဲ သူကဆိုင်ကယ်ပေါ်ကကျသွားတာ ကျွန်တော်လှည့်ကြည့်တော့ သူကလှဲနေပြီ အဲ့ကြောင့်ကျွန်တော်လည်းဆက်ပြီးမောင်းပြေးလိုက်တာ အဲ့ချိန်မှာ ကင်းထောက်ရဲဘော်တွေတွေ့လိုက်တာစိတ်သက်သာရာရတာ ဆိုင်ကယ်ဆီတိုင်ကီလည်း လက်နက်ကျည်ထိပြီးပေါက်သွားတယ် ကျွန်တော်ကတော့ ပေါင်မှာထိရှဒဏ်ရာပဲရတာ ကျွန်တော်တို့နှစ်ယောက်စလုံးက အရပ်ဝတ်နဲ့ပဲသွားတာ အခုအလောင်းပြန်ရတော့ ယူနီဖောင်းနဲ့ဖြစ်နေတယ်” ဟု ဖြစ်စဥ်အတွင်းပြန်လွတ်လာသူ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် သက်ဆိုင်ရာဆွေမျိုးမိဘထံသို့ပြန်လည်အပ်နှံထားကြောင်း၊ အလားတူ ဖရူဆိုမှတက်လာသော အမျိုးသားနှစ်ဦးကို လည်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထပ်မံပစ်ခတ်သတ်ဖြတ်ထားခဲ့ပြီး ယနေ့အချိန်ထိအစအနမတွေ့ရသေးကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင်လည်း အရပ်သားပြည်သူများပစ်ခတ်သတ်ဖြတ်ခံရသူပေါင်း (၁၀၆)ဦးရှိသွားခဲ့ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article