25 C
Yangon

မုံရွာ-အမြင့် လမ်းပိုင်းရှိ ကျောင်းစုကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း မုံရွာအမြင့်လမ်းပိုင်းရှိ ကျောင်းစုကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၈ ရက်နေ့ ည ၁၁နာရီ ၃၀မိနစ်ခန့်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆လုံးနှင့် တဲများပါ မီးရှို့ ဖျက်ဆီးသွားကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ သေနတ်များ ဆက်တိုက် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီး ပြီးနောက် ကျေးရွာအနီးအနားရှိ တောတောင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ည ၈နာရီ ၃၀မိနစ်လောက်က စပြီး စစ်ခွေးတွေက မွှေနေတာ ကူတောပလ္လင်ရွာ၊ ထနောင်းတောတောင်ရွာ ဖက်တွေကို တောက်လျောက်ကို ပတ်နေတာ ည ၁၁နာရီ ၃၀မိနစ် လောက်ကျတော့ ကျောင်းစုကျေးရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်စီးတာ ပြည်သူ ပိုင်နေအိမ် ၆လုံး၊ လူနေတဲ အိမ်တွေနဲ့ ဆိုင်ကယ် ၄စီးကို မီးရှို့ဖျက်ဆီးသွားတယ်။ တောထဲကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ တပ်စွဲထားသော ညောင်ဖြူပင် စခန်းမှ ထွက်ခွာလာသော စစ်သားများဖြစ်ပြီး ပြည်သူ ပိုင်နေအိမ် ၆လုံး၊ လူနေတဲ အိမ်များနှင့် ဆိုင်ကယ် ၄စီးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူများ လက်နက်ရှိချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article