24.9 C
Yangon

ပြည်ပရောက် မြန်မာများကို ခြိမ်းခြောက်စာထုတ်ပြန်သည့် ထိုင်းနိုင်ငံ၊ ဘန် ကောက်ရှိ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာများကပ်

Must read

ရန်ကုန်၊ ဧပြီ ၁၀

ပြည်ပရောက် မြန်မာများကို ခြိမ်းခြောက်စာထုတ်ပြန်သည့် ထိုင်းနိုင်ငံ၊ ဘန် ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ နံနက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး စာများကပ်ပြီး မင်းအောင်လှိုင်နှင့်အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားကြ ကြောင်း သိရှိရသည်။

” မြန်မာသံရုံးရှေ့မှာစာရွက်ကပ်လာတယ်။အဓိက လှုပ်ရှားမှုက ငါတို့ချွေးနဲ့ ငါတို့ရတဲ့ငွေ မင်းတို့သံရုံးအမိန့်နဲ့တားမြစ်လို့ မရဘူးဆိုတာသိစေဖို့ပဲ” ဟု စာကပ်ရာတွင် ပါဝင်သည့် ထိုင်းရောက် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေးအဖွဲ့များနှင့်မပတ်သက်ရန် ၊ ပတ်သက်ပါက ဥပဒေနှင့်ငြိစွန်းကြောင်း ဧပြီလ ၈ ရက်နေ့ တွင် ပြည်ပရောက် မြန်မာများကို ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article