25 C
Yangon

ရန်ကုန် UG လူငယ်များမှ No သင်္ကြန်လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၁၀

အကြမ်းဖက် စစ်ကောင်စီကျင်းပသည့် သကြ်န်ပွဲကို လုံးဝလက်မခံကြောင်း ပြသသည့် အနေနှင့် ရန်ကုန်မြို့ရှိ တော်လှန်လူငယ်များမှ လူအများသွားလာရာနေရာများတွင် No -သင်္ကြန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

” ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတွေပေါ်မှာ လမ်းဘေးဓာတ်တိုင်လို လူမြင်သာတဲ့နေရာတွေမှာ ဒီ No -သကြ်န်စတေကာတွေလိုက်ကပ်ပြီး စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကို လက်မခံတဲ့အကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း မပူးပေါင်းမပါဝင်ကြဖို့နှိုးဆော်တဲ့အကြောင်း ပြသတဲ့လှုပ်ရှားမှုတစ်ခုပါ။ ခုလိုတိုင်းပြည်နာရေးဖြစ်နေချိန်မှာ လူပီသတဲ့ လူစိတ်ရှိတဲ့ ဘယ်လိုလူမျိုးမဆို ပျော်ရွှင်ကခုန်နေကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် စစ်ကိုင်းတိုင်းလို ကရင်နီပြည်နယ်လို ချင်းပြည်နယ်လိုနေရာတွေက ပြည်သူတွေကို အားနာသင့်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွက်ကျနော်တို့နိုင်ငံမှာ သကြ်န်ဆိုတာလုံးဝမရှိပါဘူး” ဟု ဒီNo သကြ်န်လှုပ်ရှားမှုမှာပါဝင်သည့် လူငယ်တစ်ဦးက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article