29 C
Yangon

လေးကေကော် မြို့သစ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အကျအဆုံးများ၊ ဗိုလ်ကြီးအဆင့် တစ်ဦးကို အရှင်ဖမ်းမိထား

Must read

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အကျအဆုံးများပြီး ဗိုလ်ကြီးအဆင့် တစ်ဦးကို အရှင်ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြန်ကြားရေး PVTV သတင်းဌာနက သတင်းဖော်ပြသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသရပ်ကွက်များတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ယနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း PVTV ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ကော်ပရာစစ်ကြောင်းဦးစီးတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့က ဦးဆောင်တိုက်ပွဲဝင်နေတာဖြစ်ပြီး CDM တပ်မတော်သားအချို့လဲ ပါဝင်တိုက်ပွဲဝင်နေကြတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး တပ်မ(၄၄) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းမိကာ၊ လက်နက်ခဲယမ်းများလဲ သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်များပါ အသုံးပြုကာ ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article