25 C
Yangon

ပေါက်မြို့နယ်၊ ရှားလှကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့နေ၊ ပြည်သူအချို့ကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရှားလှကျေးရွာကို စစ်ကောင်စီတပ်တွေက လက် နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်စီးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စတင်မီးရှို့ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယရေးမဟာမိတ်တပ်တွေရဲ့ခုခံရင်ဆိုင်မှုတွေရှိခဲ့တာကြောင့် အနည်းဆုံးပြည်သူ ၁၀ ဦးထက်မနည်းကိုဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးပြုနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မနေ့ကတည်းက စစ်တပ်က ဝင်လာတာ။ဒီဘက်က PDF တွေက ပြန်ခုခံလို့ပြန်ဆုတ်သွားတာ။အခုမနက်မှ လမ်းမှာတွေ့တဲ့ ပြည်သူတွေကိုဖမ်းပြီးပြန်ဝင်လာပြီး ရွာကိုမီးရှို့နေတာဗျ။ကျွန်တော်တို့ကတော့ ပြေးနေရတယ်” လို့ ရှားလှကျေးရွာသားတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေu မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အထိခိုက်အကျအဆုံးများပြားခဲ့တာကြောင့် အင်အားအလုံးအရင်းနဲ့ အနည်းဆုံးစစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီးတွေတရစပ်ပစ်ခတ်ထိုးစစ်ဆင်နေကြော်ငး၊ ဒေသခံ PDF တွေကလည်း ခုခံကာကွယ်မှုတွေပြုလုပ်နေတာကြောင့် စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကဆိုပါတယ်။

“ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး စခတွေကစစ်ကြောင်းထိုးလာတာ။ဒီဘက်က Sniper နဲ့တွေ့ပြီး ခွေး ၃ ကောင်သေသွားလို့ဒီနေ့အင်အားအဆမတန်သုံးပြီး ပြန်ဝင်တာပဲ။ဒါပေမဲ့ကျွန်တော်တို့ကမကြောက်ဘူး။ပြန်ချမှာ။အခုလောင်းရှည် PDFလည်းရောက်နေပြီ။ ချင်း CDF လည်းဆင်းလာပြီ။ပွဲကြီးပွဲကောင်းပေါ့ဗျာ”လို့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ရှားလှကျေးရွာဟာ ယခင်ကရွာလုံးကျွတ်မီးရှို့ခံခဲ့ရတဲ့ ကင်းမ၊ လယ်ယာ၊ လက်ပံ လှရွာတွေရဲ့တောင်ဘက်မှာရှိပြီး ဆိပ်ဖြူမြို့နယ်က ပိုင်း၊ ဝံကြီးကျေးရွာတွေနဲ့လည်းနယ်နမိတ်ထိစပ်နေတာလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article