25 C
Yangon

ဆိပ်ဖြူ ရှားလှရွာတွင် စစ်တပ်က အသက် ၈ဝအရွယ် ဒေါ်ခင်သန်းကို မီးရှို့သတ်၊ ရွာအဝင်တွင် စစ်တပ်က မိုင်းများထောင်ထားခဲ့ပြီး ဦးမင်းဦး မိုင်းနင်းမိကာ သေဆုံး၊ ပြည်သူများ စုဆောင်းထားသော ရိက္ခာများနှင့် လူနေအိမ်များကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပေါက် အင်းငယ်ဒေါင့်ရွာ၊ ဘို့မယ်ရွာနှင့် တောင်ချို့ ရွာ ကိုလည်း စစ်တပ်က မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရှားလှရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများက ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၈ဝအရွယ် ဒေါ်ခင်သန်းကို ၎င်းနေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူများ စုဆောင်းထားသော ရိက္ခာများနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားစဉ်၌ ရွာအဝင်အထွက် လမ်းတွင် မိုင်းများ ထောင်ထားခဲ့ပြီး ကျေးရွာတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ဦးမင်းဦး မိုင်းနင်းမိကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်များသည် ရှားလှကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ ရိက္ခာ စုဆောင်းထားသည့် တဲ ၂ဝကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲကာ လက်ရှိချိန်တွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်းရှိ အင်းငယ်ဒေါင့်ကျေးရွာ၊ ဘို့မယ်ကျေးရွာနှင့် တောင်ချိုကျေးရွာ တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတို့တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။

ပေါက်မြို့နယ်တောင်ပိုင်း အင်းငယ်ဒေါင့်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မွန်းလွဲ ၃နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ဘို့မယ် ကျေးရွာကို မွန်းလွဲ ၁နာရီ ၃ဝမိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကာ တောင်ချို ကျေးရွာကို နံနက် ၈နာရီ ၃ဝမိနစ်ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကော ပျက်စီး ဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ပြည်သူများက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ရှားလှကျေးရွာနှင့် အင်းငယ်ဒေါင့်ရွာ (Pauk Alliance Group)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article