25 C
Yangon

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် NUG ဝန်ကြီးများနှင့် NY မြန်မာမိသားစုများတွေ့ဆုံ

Must read

ရန်ကုန်၊ ဧပြီ ၁၄

အမေရိကန်ပြည်ထောင်စု New York မြို့ Win Shwe War ခန်းမတွင် ဧပြီ ၁၃ ရက်နေ့(မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက်နေ့)တွင် NUG ဝန်ကြီးများနှင့် နယူးယောက်ရောက် မြန်မာမိသားစုများ တွေ့ဆုံကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်နှင့်စစ်အကြမ်းဖက်အဖွဲ့က မတရားအာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့် ပြည်သူ လူထုများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူ့အခွင့်အရေးများ အဖက်ဖက်မှ ထိခိုက်ဖျက်စီးခံနေရမှုအပေါ်၊ ပြည်သူနှင့် NUG တသားတည်း လွတ်လပ်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိသည်အထိ ပြန်တွန်းလှန်နေမှုကို မည်သို့ပိုမိုထိရောက်စွာ လက်တွဲလုပ်ဆောင်သွားကြမည်ဆိုသည်ကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က ရှင်းလင်းပြောဆိုသည်။

တက်ရောက်လာသည့် ပြည်သူများက လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့တာဝန်ယူထားသည့် နိုင်ငံ့ရေးရာအပိုင်းများနှင့်ပက်သက်ပြီး မေးမြန်းလိုသည့်အကြောင်းအရာရများကို မေးမြန်းဆွေးနွေးကြပြီး ၊ တွေ့ဆုံပွဲသို့ နယူးယောက်မှ မြန်မာပြည်ဖွားတိုင်းရင်းသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article