25 C
Yangon

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က တော်လှန်ရေး ရဲမေတစ်ဦးဖြစ်တဲ့ မမီးကို ဆက်သွယ်မေးမြန်း

Must read

“ပထမဆုံးတိုက်ပွဲမှာတော့ ကိုယ့်နားမှာပစ်ခတ်သံကြားလိုက်ရတော့ လန့်ပြီးကြောက်မိတယ်ပြီးတော့ အနားကို လက်နက်ကြီးတွေဆက် တိုက်ကျနေတော့ တုန်လှုပ်ကြောက်လန့်မိတယ်’’
Mee (တော်လှန်ရေးရဲမေ-ပြည်သူကာကွယ်ရေးတပ်-ဖယ်ခုံ)

လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်လိုက်ရတဲ့ သူတွေထဲမှာ လူငယ်လူရွယ်တွေ အများစုပါဝင်နေပြီး ၊သူတို့ရဲ့အနာဂတ်တွေ၊ ရည်မှန်းချက်တွေကို မေ့ထားပြီး ၊ တိုင်းပြည်အတွက် ဒီတော်လှန်ရေးကြီးမှာ တစ်ထောင့် တစ်နေရာက ပါဝင်ရင်း ရုန်းကန်နေကြပါတယ်။ အဲ့ဒီထဲမှာ ယောက်ျားလေး တွေနဲ့ရင် ဘောင်တန်းပြီး တောထဲ တောင်ထဲမှာ စစ်ပညာသင်ယူရင်း ရုန်းကန်နေတဲ့ ဆယ်ကျော်သက် အရွယ် မိန်းကလေးတွေလည်း အများအပြားရှိနေပါတယ်။ သူတို့တွေဟာ ပညာသင်ယူရမယ့်အရွယ် တွေဖြစ်တဲ့အပြင် ၊ သူတို့ရဲ့ နုပျိုလှပမှု ၊ အနာဂတ်ရည်မှန်းချက်တွေ ၊ အိပ်မက်တွေကို မေ့ထားပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အချိန်မရွေး အသက်အန္တရာယ်ထိခိုက်သွား နိုင်တဲ့အခြေအနေ တွေကြားမှာ နေ့စဉ်ကြိုးစားရုန်းကန် နေကြတာတွေရှိပါတယ်။ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ ခံယူချက် တွေက ဘာတွေဖြစ်မလဲ..ဆိုတာတွေကို သိနိုင်ဖို့အတွက် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က တော်လှန်ရေး ရဲမေတစ်ဦးဖြစ်တဲ့ မမီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article