25 C
Yangon

နတ်တလင်း၊ ကျန်တောစုလမ်းဆုံအနီးတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ ၇ ဦးခန့် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျန်တောစုလမ်းစုံအနီးတွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပဲခူးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း Bago Region PDF က သတင်းထုတ်ပြန်သည်။

ပရိုဘောက်စ် ၁ စီး၊ ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ကို နတ်တလင်းမှ တာပွန်ကျေးရွာလမ်း ကျန်တောစုလမ်းဆုံအနီးတွင် အဝေးထိန်းမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၄င်းတို့နှင့် သက်ဆိုင်သောနေရာများနှင့် ဝေးရာမှ ရှောင်ရှားကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article