25 C
Yangon

ရွှေဘို၊ မြင်းစွားရွာရှိ ပျူစောထီးတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံး၊ သေနတ် ၃ လက် ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစေားထီးတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၆ နာရီခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံးကာ သေနတ် ၃ လက်သိမ်းဆည်းရမိကြောင်း ရွှေဘို Fighter One အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မြင်းစီးကျေးရွာတွင် အုပ်စုဖွဲ့သောင်းကျန်းနေသော ဌေးအောင်ဦးဆောင်သည့် ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်စဉ် ရွာထဲ အလည်ရောက်နေသော စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦး သေဆုံးခဲ့ကာ ပျူစောထီးခေါင်းဆောင် ဌေးအောင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

ရွှေဘို Fighter One၊ One Day Revolution Force၊ Fighter Dargon၊ Lwgrs Hero Army Khin U စသည့် ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များပူးပေါင်းပြီး ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article