25 C
Yangon

ရေဖြူတွင် ရဲစခန်းနှင့် သင်္ကြန်မဏ္ဍပ်ကြားရှိ လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီဝင်များ Drone ဖြင့် တိုက်ခိုက်ခံရ

Must read

ရန်ကုန် ၊ ဧပြီ ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရဲစခန်းနှင့် သင်္ကြန်မဏ္ဍပ်ကြားတွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီဝင်များကို ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Drone မှ တစ်ဆင့် တိုက်ခိုက်ခဲ့ကြောင်း YePhyu People Deffence Force (YPPDF) က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီဝင်များ လုံခြုံရေးယူနေစဥ် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့သားများမှ Drone တွင် လက်လုပ်ဗုံးသီးတပ်ဆင်ကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Drone ဖြင့် တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မိုင်းပေါက်ကွဲပြီးချိန်တွင် နီးစပ်ရာသို့ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ရေဖြူမြိုနယ် မဏ္ဍပ်ကို ရပ်နားလိုက်သည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ထိခိုက်ကျဆုံးမှု သတင်းကို အတိအကျ မသိရှိရသေးကြောင်း၊ သင်္ကြန်ကာလအတွင်း မဏ္ဍပ်များတွင် ပျော်ပွဲရွှင်ပွဲပါဝင်နေသူများ၊ လောင်းကစားဝိုင်း ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း YPPDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article