25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၆ ရက် ညနေပိုင်းရရှိထားတဲ့သတင်းတွေကတော့

-စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အင်ဒေါင်း ကျေးရွာအနီးက ရေကြောင်းရဲကင်းရုံး တိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးသွားတဲ့အပြင် ၊ ၃ ဦးကို အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ အရာတော်အရှေ့နယ်၊ကြွေပုဂံ-ကျေးရွာက ကိုသစ်ဆန်းလွင်ကို အကြမ်းဖက်စစ်တပ်က
ဧပြီလ ၉ ရက်နေ့မှာ ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ထားခဲ့တဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ပါတယ်။

– သဖန်းဆိပ်ဆည်အနောက်ခြမ်း ဒေသမှာရှိတဲ့ ဝေလမူ-ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက
ဧပြီ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်လောက်မှာ မီးရှို့ခဲ့ပြီး နေအိမ် ၂၅ လုံး မီးလောင်ကျွမ်း ပျက်စီး သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

– ပေါက်မြို့နယ်မှာ ဧပြီလ ၁၂ ရက်နေ့ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၆၀ မမ ထိမှန်တဲ့အတွက် တံစူးကျေးရွာက စစ်ရှောင် ပြည်သူ ၉ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article