25 C
Yangon

ထီးလင်းမြို့နယ်၊ ဆေးမင်းကျေးရွာရဲစခန်း ကို YDF-ထီးလင်း အလစ်ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ၊ ရေဦးတွင် စစ်သားနှင့်ပျူစောထီး ၄ ဦးသေဆုံး၊ သပိတ်ကျင်းတွင် ရဲကင်းဗုံးကွဲပြီး ရဲ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၆

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောကျေးရွာရဲစခန်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (ထီးလင်း) ကွန်မန်ဒို ပြောက်ကျားတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် အလစ်ဝင်တိုက်ခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆေးမင်းတောကျေးရွာ ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် စခန်းရှေ့ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ပြည်သူများကို ဆဲဆို ပစ်ခတ် ရမ်းကားနေသဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း YDF-Htilin အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊အောင်သာယာကျေးရွာတွင်တပ်စွဲထားသော စခနှင့်ပျူအဖွဲ့ဝင်များကို မြောက်ပိုင်းမဟာမိတ်နှင့် Myanmar Defense Force – Taze Tiger တပ်ဖွဲ့တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်သားနှင့်ပျူစောထီး ၄ ဦးသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၂၇ မိနစ်အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲကင်းတွင်လည်း ဗုံးပေါက်ကွဲပြီး ရဲ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းမှုများတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article