25 C
Yangon

စစ်တပ်ပိုင် MEC မြိုင်ကလေးဘိလပ်မြေစက်ရုံ ရေတွန်းစက်ကို မိုင်းနှစ်ကြိမ်ခွဲ တိုက်ခိုက်၊ ဘားအံမြို့နယ်တစ်ခုလုံးတွင် ဗုံးများ အဆက်မပြတ် ပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ မြိုင်ကလေး ဘိလပ်မြေ စက်ရုံ၏ ဖိုးရှိုးရွာရှိ ရေတွန်းစက်ကို ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် မိုင်းနှစ်ကြိမ်ခွဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် သံလွင်မြစ်ကမ်း ဖိုးရှိုးရွာရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၏ ရေတွန်းစက်ကို နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မာလာဖူး ကျောက်မိုင်း ( မြိုင်ကလေး)ကို ဒုတိယ အကြိမ်အဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံသည် တနေ့လျှင် ဘိလပ်မြေ တန်၄၀၀၀ ထုတ်လုပ်နိုင်ပြီး စစ်ကောင်စီ ယန္တယားလည်ပတ်ရန် ငွေရှာပေးနေသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၈မိနစ်အချိန် အမှတ် ၇ ရပ်ကွက် ဘားအံတိုင်းရင်းဆေးရုံအနောက်ဘက်လမ်းတွင် ၁ကြိမ်၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် အိန္ဒုရဲစခန်းအနီးတွင် ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း၊ ည ၇ နာရီ၀န်းကျင်တွင်လည်း အိန္ဒုအုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း ဗုံးများ ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Hpa-an Newsက သတင်းဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article