25 C
Yangon

ရန်ကုန်တွင် သင်္ကြန်အတက်နေ့ အကြမ်းဖက်စစ်တပ်က မီးရှုးမီးပန်းများဖောက်၍ ပြည်သူများက စက် သေနတ်ပစ်သည်ဟု ထင်ကာ စိုးရိမ်ထိတ်လန့်၊ မြောက်ဥက္ကလာပ ဝေဘာဂီရပ်ကွက်ရုံးကို ဗုံးဖောက်ခွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၆

အကြမ်းဖက် စစ်ကောင်စီက ယနေ့ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့တွင် မီးရှုးမီးပန်းများဖောက်၍ ပြည်သူများ အထိတ်တလန့်ဖြစ်ရကြောင်း သိရှိရသည်။

ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီမှစတင်ပြီး မရမ်းကုန်းမြို့နယ်၈ မိုင်ရှိ ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ မြောက်ဥက္ကလာပရှိ ထောက်ပို့တပ်ရင်းများ အပါအဝင် စစ်တပ်များအတွင်းတွင် မီးရှုးမီးပန်းဖောက်၍ ပြည်သူများ အထိတ်တလန့်ဖြစ်ရကြောင်း သိရှိရသည်။

“စက်သေနတ်ဖောက်တယ်ထင်လို့ လန့်သွားတာ။ နောက်မှ ၈ မိုင်က သူငယ် ချင်းတွေပြောတာ စစ်ဌာနချုပ် ဝင်းထဲကနေ မီးရှုးမီးပန်းတွေဖောက်တယ်တဲ့။ မတ်လ ၂၇ ရက်နေ့တုန်းကလည်း အဲဒီလို ဖောက်တယ်။ ခွေးတွေ အောင်ပွဲခံနေတာနေမှာပေါ့” ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ မြောက်ဥက္ကလာပနှင့် သု၀ဏ္ဏတွင်နေထိုင်သူများကလည်း စစ်တပ်က မီးရှုးမီးပန်းဖောက်သည်ကို စက်သေနတ်ဖြင့် ပစ်ခတ်သည်ထင်၍ အထိတ် တလန့်ဖြစ်ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်မြို့တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများက အကြမ်းဖက်စစ်ကောင်စီက ဦးစီးကျင်းပသော သင်္ကြန်ကို ပါဝင်ခြင်းမပြုဘဲ စစ်အာဏာရှင် တော်လှန်ရေး သင်္ကြန်အဖြစ် ရေကစားခြင်းမပြုကြကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ည ၇ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ ဝေဘာဂီ ၇ ရပ်ကွက် အုပ် ချုပ်ရေးမှုးရုံးကို Seven Commandos Defense Force(SOCA) အဖွဲ့နှင့် SCDF အဖွဲ့နှစ်ဖွဲ့ ပူးပေါင်း၍ ဖောက်ခွဲခဲ့ကြောင်း ၊ အဆိုပါရုံးတွင် အစောင့်နှစ်ယောက်ရှိနေပြီး ထိခိုက်ဒဏ်ရာရဖွယ်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ၈ မိုင်ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းတွင် မတ်လ ၂၇ ရက်နေ့ က မီးရှုးမီးပန်းဖောက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article