25 C
Yangon

ပေါက်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၁၁ ရွာက ပြည်သူ ၁သောင်းကျော် အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၇

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၁ ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူ ၁သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့သော တောင်ဘက်၊ ဇီးတော၊ အင်းငယ်ဒေါင့်၊ ဘို့မယ်၊ တောင်ချို၊ ဒိန်းကွင်း၊ ကျောက်အိုး၊ လက်ပံလှ၊ တံစူး၊ ကိုင်းမ၊ သက္ကယ်ကျင်း စသည့်ကျေးရွာများမှ ပြည်သူ ၁သောင်းကျော်သည် အရေးပေါ် ကူညီမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် မိုးဦးကျရောက်တော့မည်ဖြစ်သောကြောင့် အမိုးအကာများနှင့် စစ်ဘေးရှောင်များ အတွက် စားရေး သောက်ရေး ဆန်၊ ဆီ၊ ဆားနှင့် အဝတ်အထည် များလည်း လိုအပ်လျက်ရှိကြောင်း ပေါက်တောင်ပိုင်း ပြောက်ကျားတပ်(SPGF)က ထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာ ၁၁ ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပင်တောင်၊ ရွာသစ်နှင့် တပ်ကုန်းရှိ ပျူစောထီးများက ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article