33 C
Yangon

ရန်ကုန်တွင် စစ်တပ်ရှယ်ယာပါသည့် ကမ္ဘာရတနာ့ဘဏ်ခွဲ မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် စစ်တပ်ရှယ်ယာပါသည့် ကမ္ဘာရတနာ့ဘဏ်ခွဲ မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ဒဂုံတောင်မြိုနယ်၊ (၁၉)ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ)ရှေ့တွင် ဘဏ်မန်နေဂျာစောမိုးဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရရှိသောဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားကြောင်း သိရှိရသည်။

ဒဂုံတောင်မြိုနယ်၊ (၁၉)ရပ်ကွက်၊ မောင်းမကန်လမ်း၊ ကမ္ဘာရတနာ့ဘဏ် (မောင်းမကန်ဘဏ်ခွဲ)သို့ ဘဏ်မန်နေဂျာ စောမိုးဝင်း၊ ၄၈ နှစ် သည် ၎င်းနေထိုင်ရာ လှိုင်မြို့နယ်မှ ဘဏ်ခွဲရှိရာသို့လာရောက်စဉ် ကားပေါ်မှ အဆင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဝမ်းဗိုက်တွင် နှစ်ချက် ကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရှိရသည်။

“သွေးထွက်လွန်ပြီး ဆုံးတယ်လို့သိရတယ်။ အခုတော့ စစ်တပ်နဲ့ရဲက ဒဂုံတောင်ဘက်မှာ ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article