25 C
Yangon

Breaking News- တောင်ဒဂုံ ၁၀၇ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရာအိမ်မှူး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၇ ရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိ၇သည်။

ဧပြီလ ၁၈ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီတွင် တောင်ဒဂုံ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ရာ ရာအိမ်မှူး ဆန်းလွင် ဦးခေါင်းပွင့်သေဆုံးပြီး၊ ၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရှိရသည်။

“ဒဂုံတောင် ၁၀၇ရပ်ကွက်ရုံးကို အခုလေးတင် သေနတ်နဲ့ဝင်ပစ်သွားပါတယ်။ ပစ်ချက်၇ချက်ခန့်နဲ့သွေးတွေ အများကြီးပဲ တွေ့ရပါတယ်။ရာအိမ်မှူး ဆန်းလွင် ဦးခေါင်းပွင့်ပြီး သေပါတယ်။ ကျန်တဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးဒဏ်ရာ အပြင်းအထန်ရလို့ အခု ဆေးရုံကားနဲ့ ခေါ်သွားပြီး။ စစ်တပ်နဲ့ရဲ ရောက်နေပြီ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် တောင်ဒဂုံမြို့နယ်တွင် စစ်တပ်နှင့်ရဲက လုံခြုံရေးများချထားပြီး ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article