25 C
Yangon

စစ်ကောင်စီက ဆီအလုံအလောက်ရှိသည်ဟု ထုတ်ပြန်သော်လည်း ပြည်သူများက ဒုတိယနေ့အဖြစ် ဆီတိုးကြိတ် ဝယ်ယူနေ၊ နံနက် ၄ နာရီမှစတင်၍ ဆီဆိုင်များတွင် တန်းစီနေ၊ စစ်ကောင်စီဝန်ထမ်းကြို/ပို့ကားများ ဆီလျှော့ချခံရ

Must read

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကောင်စီက စက်သုံးဆီ အလုံအလောက်ရှိသည်ဟု ဧပြီလ ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သော်လည်း ဧပြီလ ၂၀ ရက်နေ့ နံနက် ၄ နာရီမှစတင်ပြီး စက်သုံးဆီ အရောင်းဆိုင်များတွင် ပြည်သူများက တိုးကြိတ် ဝယ်ယူနေကြကြောင်း ပြည်သူများထံမှ သိရှိရသည်။

“နံနက် ၄ နာရီလောက်ကတည်းက ရန်ကုန်ဆီဆိုင်တွေမှာ ကားတန်းကြီးတွေ ရှည်နေပြီ။ တော်တော်ကြာတယ် ဆီရဖို့စောင့်ရတာ။ လိုသလောက်တော့ ရောင်းပေးတယ်။ မနက်စောစော သွားတဲ့ကားတွေ အကုန် လိုသလောက်ရတယ်။ ဆီဆိုင်က ပြောတာတော့ နေ့လယ်လောက်ဆိုရင် ဆီကုန်ရင် ပိတ်မယ်ပြောတယ်။ ဆီဘောက်ဆာချပြီးမှ ပြန်ဖွင့်မယ်ပြောတယ်။ ကန့်သတ်မရောင်းတော့ဘူး။ ဆီမရှိတော့ရင် ဘောက်ဆာ ကားဝင် ဆီချပြီးမှ ပြန်ရောင်းမယ်ပြောတယ်” ဟု ရန်ကုန်ဆီဆိုင်တစ်ခုတွင် ဆီဝင်ထည့်ခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

ယနေ့ စက်သုံးဆီစျေးနှုန်းများမှ 92 တစ်လီတာ ၁၉၄၀ ကျပ်၊ 95 တစ်လီတာ ၁၉၈၅ ကျပ်စျေးရှိနေကြောင်း သိရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့က ဆီအလုံအလောက်ရှိကြောင်း မီဒီယာများမှတစ်ဆင့် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ဌာနဆိုင်ရာများရှိ ဝန်ထမ်းကြို/ပို့ကားများအတွက် စက်သုံးဆီ ခွဲတမ်းများ လျှော့ချခံနေရကြောင်း ပြောဆိုသည်။

” ဝန်ထမ်းကြို/ပို့ကားတွေ ဆီ အလျှော့ခံရလို့ တချို့ရက်တွေ Work From Home လုပ်လို့ရတယ်လို့ ပြောတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရုံးလာတက်လည်း ရမယ်။ ဌာနမှာ လူကို အနည်းဆုံးအင်အားနဲ့ အလုပ်ဖြစ်အောင် လည်မယ်ပေါ့။ ကျန်သူက WFH လုပ်ကြဆိုတာမျိုး ပြောလာတယ်” ဟု ရန်ကုန်မှ ဌာနဆိုင်ရာ ဝန်ထမ်းရပ်ကွက်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဌာနဆိုင်ရာနှင့် ထိပ်တန်းရာထူးကြီးများအတွက် စက်သုံးဆီခွဲတမ်းများကို ယခုလမှစတင်ပြီး တရားဝင် လျှော့ချမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article