25 C
Yangon

ဒီပဲယင်း၊ ညောင်လှကျေးရွာတွင် စစ်တပ်က အပြစ်မဲ့ ပြည်သူကို နေမျိုးဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ် ၄၀ ကို မီးရှို့ဖျက်ဆီးသွား

Must read

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် စစ်တပ်က အပြစ်မဲ့ ပြည်သူကို နေမျိုးဦးကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ် ၄၀ ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဧပြီလ ၂ဝ ရက်နေ့ နံနက်ပိုင်းနှင့်ညနေပိုင်းတွင် ညောင်လှကျေးရွာကို ၂ ကြိမ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ညောင်လှ ကျေးရွာကို ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်မှ စတင်ကာ ဝင်ရောက်စီးနင်း ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၆နာရီခန့်တွင် ဒုတိယ အကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“ညောင်လှကျေးရွာ အပြစ်မဲ့ပြည်သူတစ်ဦးကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်သွားပါတယ်။ ‌ ပုဆိုးနဲ့ လက်ပြန်ကြိုးတုပ်ကာ ကိုနေမျိုးဦးကို သတ်ဖြတ်သွားတာပါ။ ရုပ်အလောင်းကို အကြမ်းဖက်ကောင်များ ထွက်ခွာသွားပြီးနောက် ကျေးရွာအတွင်းမှာ တွေ့ရှိရတာဖြစ်ပါတယ်။မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရဲ့ နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်” ဟုဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ညောင်လှကျေးရွာတွင် မီးရှို့ဖျက်ဆီးသွားသော ပြည်သူပိုင်နေအိမ်များမှာ အောက်ပါစာရင်းအတိုင်းဖြစ်ပါသည်။

၁။ကိုဝင်းဇော်မြင့်
၂။မဆိုရှယ် (ဆုလဒ်)
၃။ဦးထွေး+မညို
၄။ဦးအေးကို+ဒေါ်ခင်မာ
၅။ကိုအောင်မိုးမြင့်(ဝင်းမော်စိုး)
၆။ကိုဇော်ဦး+မစံ
၇။ဦးညွန့်ဝင်း
၈။ကိုဦး
၉။ဒေါ်စောရွှေ
၁၀။ဒေါ်စောမေ
၁၁။ဒေါ်စောငွေ
၁၂။ဒေါ်နွားရွှေ
၁၃။ကိုအုန်းတင့်
၁၄။ဦးကျော်သန်း
၁၅။ဦးမြင့်ဝင်း+ဒေါ်မြင့်ဝင်း
၁၆။ဦးဖိုးဆိုး+ဒေါ်ဌေးဝင်း
၁၇။ဒေါ်ကြွေ
၁၈။ဦးတင်နွဲ့
၁၉။ဦးစိုးကြီး
၂၀။ဦးစိုးလေး
၂၁။ဦးသိန်းဇော်+မမိုးလုံ
၂၂။ဦးနိုင်ဦး+မငွေ
၂၃။ဦးကျော်သန်း+မညွန့်ခင်
၂၄။ဦးစိုးမင်း+မပြူးစိန်
၂၅။ကိုစောထွန်း+မခိုင်
၂၆။ဦးစိန်ထွန်း
၂၇။ဦးဘချဉ်
၂၈။ဒေါ်ခင်မာဌေး
၂၉။ကိုဝေဖြိုး
၃၀။ကိုဇော်မင်းလွင်+မခိုင်
၃၁။ကိုအေးမင်ထွန်း+သီမာ
၃၂။ဦးတင်မြင့်
၃၃။ဦးစိုးလွင်
၃၄။ဒေါ်ဝါ
၃၅။ဒေါ်မြင့်
၃၆။ဦးလှထွန်း+မချိုမာ
၃၇။ဦးဝင်းမြင့်+ဒေါ်ဝင်း
၃၈။ဦးခင်ဆောင်+ဒေါ်ညိမ်
၃၉။ကိုမောင်နိုင်+မလှမြင့်
၄၀။ကိုဝင်းဇော်+မစန်း(ဆန်စက်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article